သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး
Jul 30,2023
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် မြိုင်ညိုညိုကျောင်းတိုက်၊ မဟာဝိသုတာရာမကျောင်းတိုက်နှင့် အောင်မြေရတနာကျောင်းတိုက်တို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ရင်း တစ်ဆက်တည်း သွားရောက်နိုင်သည့်ခရီးစဉ် ခုနစ်ခုကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှစီစဉ်ထားရှိ
Jul 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့လာရောက်လည်ပတ်ရင်း ခရီးစဉ်တစ်ဆက်တည်းသွားရောက်လည်ပတ်နိုင်ရန် ခရီးစဉ် ခုနစ်ခုကို ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲက ရေးဆွဲထားကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်‌ရောက်
Jul 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က သီရိမင်္ဂလာဗိမာန်တွင် ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 30,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ဝါဆိုမည့်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည်ရှုအားပေး
Jul 30,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုဝါကပ်တော်မူမည့် ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စျေးကြိုတော်ကူး ပရိယတ္တိစာသင်တိုက်နှင့် မဟာမြိုင်ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးများပြုလုပ်ပေးခြင်း၊ ခြုံနွယ်မြက်ပင်များရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည်ရှုအားပေးခဲ့သည်။
ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များ ရောင်းချပေး
Jul 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချ ပေးလျက်ရှိ‌ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်
Jul 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ်ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေသုံးပေခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ဝါဆိုမည့် သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
Jul 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၂၈) ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှ (၃၁)ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။