သတင်းများ

ဗိုလ်တထောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်ခြင်းနှင့် နယ်လှည့်တိုင်းရင်းဆေး ကုသခြင်း ကွင်းဆင်းဆောင်ရွက်
Jul 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကု ဌာနတို့ ပူးပေါင်းပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်ခြင်းနှင့် နယ်လှည့်အခမဲ့ ဆေးကုသခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ပညာရာမိက မဟာကျောင်းတိုက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့စာတိုက်ရုံးပေါ်သို့ ညောင်ပင်သစ်ကိုင်းဆက်ကျိုးကျ၍ တာဝန်ရှိသူများမှ ခုတ်ထွင်ရှင်းလင်း
Jul 30,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာတိုက်ရုံးဝင်းအတွင်းရှိ ညောင်ပင်သစ်ကိုင်းဆက် ရုံးပေါ်သို့ကျိုးကျခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ပီပင်ရင်းကျေးရွာတို့တွင် စူပါဘိုကာရှီပြုလုပ်နည်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ
Jul 30,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော စူပါဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ပီပင်ရင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာများတွင် ပြုလုပ်ကျင်းပခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော် ကြီးတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Jul 30,2023
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ စစ်ဗျူဟာ (အခြေချဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။
နိုင်ငံတော်ကာကွယ်ရေး တာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်
Jul 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ အပန်းဖြေခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဇုန်အဖွဲ့များနှင့်အတူ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ချောင်းသာကမ်းခြေသန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်
Jul 30,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးပြီး စေတီယျတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာအရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲပြုလုပ်
Jul 30,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာ အရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှ စတင်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုပညာသင်တန်းဖွင့်လှစ်
Jul 30,2023
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ကြီးမှုးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့နံနက် (၉)နာရီက Happy Restaurant တွင် ကျင်းပပြုလုပ်ခဲ့သည်။