ကန့်ဘလူ ဇူလိုင် ၂၉
ကန့်ဘလူမြို့နယ်တွင် မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့်မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဒေသခံတောင်သူများ မိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ၊ ပျိုးသက်မှန် စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး မလစ်ဟင်းစေရေးအတွက် ခရိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်တွေ့ကွင်း သရုပ်ပြသခြင်းကို ဇူလိုင်(၂၉)ရက်၊ နံနက်ပိုင်းက ကွင်းအမှတ်ဆင်သေကွင်း၊ဦးပိုင်အမှတ်(၄)တောင်သူ ဦးမျိုးနိုင်၏ စိုက်ကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြသပွဲတွင် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က နိုင်ငံတော်မှ လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားလျက်ရှိပြီးကျေးလက်နေတောင်သူများ ဘဝဖွံ့ဖြိုး တိုးတက်ရေး တောင်သူများအနေဖြင့်လည်း စတင်စိုက်ပျိုးချိန်မှစ၍ မျိုးကောင်း/ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားကြပြီး အထွက်နှုန်းရရှိရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြ ရန်လိုကြောင်း မိုးစပါးအထွက်နှုန်းရရှိရေးအတွက် မျိုးပြောင်းလဲရေးသည်လည်း အဓိကကျပြီး ဒေသခံတောင်သူများအနေဖြင့် ဒေသရေမြေအခြေအနေပေါ်မူတည်ပြီး ယခုစိုက်ပျိုးရာသီချိန် တွင် ပျိုးသက်မှန်ကန်မှုရှိပြီး တစ်ဧကစံသတ်မှတ်ချက်ပြည့်မီရေး လစ်ဟင်းမှုမရှိစေရေး မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်စွာ စိုက်ပျိုးကြရန် ၊မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးသန့်မျိုးစပါး ဖူလုံစေရေးအတွက် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်ဧရာမင်း စပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်း၊ဌာနဆိုင်ရာများနှင့် တောင်သူ(၄၅)ဦးတက်ရောက် ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မိုးစပါးဧက(၁၄၀၅၁၅)ဧက စိုက်ပျိုးသွားရန်လျာထားခဲ့ပြီးယနေ့ထိ(၇၄၉၅) ဧက စိုက်ပျိုးပြီးကြောင်း၊ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်းအထွက်နှုန်းရရှိရေးကြီးကြပ်၍ စိုက်ပျိုးဆောင်ရွက် ပေးနေလျက် ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။
အောင်၀င်းငြိမ်း(ကန့်ဘလူ)