ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာရှိ ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား လှည့်လည်ကြည့်ရှု

ဒိုက်ဦး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကလေး ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက် ညွှန်ချုပ် (DG) ဦးသိန်းလွင်၊ တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ရောက်ရှိ၍ ဗျက်ကလေးကျေးရွာ၌ တည်ဆောက်မည့် ကွန်ကရစ်တံတား‌နေရာ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ တံတားဆောက်လုပ်မည့်နေရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့မှ ကြိုဆို၍ တံတားတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆောက်လုပ်မည့်တံတားသည် ကွန်ကရစ်အမျိုးအစားဖြစ်ပြီး အရှည်(၈၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၁၂)ပေ၊ ကုန်ကျစရိတ် (၂၃၀.၄၀)သန်း ကုန်ကျခံဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြို့နယ်(ပြန်/ဆက်)