မိုးညှင်းမြို့စာတိုက်ရုံးပေါ်သို့ ညောင်ပင်သစ်ကိုင်းဆက်ကျိုးကျ၍ တာဝန်ရှိသူများမှ ခုတ်ထွင်ရှင်းလင်း

မိုးညှင်း ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာတိုက်ရုံးဝင်းအတွင်းရှိ ညောင်ပင်သစ်ကိုင်းဆက် ရုံးပေါ်သို့ကျိုးကျခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးညှင်းမြို့ နားခါတောင်ရပ်ကွက် စာတိုက်ရုံးဘေးရှိ လုံးပတ်(၂၅)ပေခန့်၊ အမြင့်ပေ(၆၀)ခန့်ရှိ ညောင်ပင်ကြီးမှ လုံးပတ်(၅)ပေခန့်၊ အရှည်(၄၅)ပေခန့်ရှိ ကိုင်းဆက်ကျိုးကျခဲ့သဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အလျဉ်အမြန် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် (၄၀×၂၄)ပေ RC တစ်ထပ် အဆောက်အဦအပေါ်ရှိ သွပ်မိုး(၁၀×၁၅)ပေခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)