ဗိုလ်တထောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်ခြင်းနှင့် နယ်လှည့်တိုင်းရင်းဆေး ကုသခြင်း ကွင်းဆင်းဆောင်ရွက်

 

ဗိုလ်တထောင် ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကု ဌာနတို့ ပူးပေါင်းပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်ခြင်းနှင့် နယ်လှည့်အခမဲ့ ဆေးကုသခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ပညာရာမိက မဟာကျောင်းတိုက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများကို ဆရာတော် သံဃာတော်များအား လျှောက်ထားခြင်းနှင့် မြို့နယ်တိုင်းရင်းမှူး ဒေါ်အေးချမ်းမိုးက တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးအကြောင်း ဟောပြောခဲ့ကြောင်း လျှောက်ထားပြီး ရောဂါများ အခမဲ့စမ်းသပ် စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်၍ သံဃာတော်များအား စာအုပ် စာစောင် ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)