မင်းလှမြို့နယ်၊ ကိုင်းငယ်လေးကျေးရွာ၌ ရက်ကန်းပညာ(ဒီဇိုင်း) သင်တန်းဖွင့်လှစ်

အထက်မင်းလှ ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းငယ်လေးကျေးရွာတွင် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရန်အတွက် ရက်ကန်းပညာ(ဒီဇိုင်း)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ကိုင်းငယ်လေးကျေးရွာ ဘက်စုံသုံးအခမ်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးလင်းထက်အောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြက သင်တန်းတွင်သင်ကြား မည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ရက်ကန်းပညာ(ဒီဇိုင်း)သင်တန်းတွင် ကိုင်းငယ်လေး ကျေးရွာအတွင်းရှိ ကျေးရွာနေဒေသခံသင်တန်းသား(၁၀)ဦးတို့ကို သင်တန်းနည်းပြဆရာ၊ ဆရာများက ဩဂုတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေထိ (၁)လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)