လားရှိုး ဩဂုတ် ၂
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာအခမ်းအနားသို့ ကြွရောက်တော်မူပြီး လားရှိုးလေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဆရာတော်ကြီးများအား ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က လားရှိုးလေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
လားရှိုးလေဆိပ်သို ပြန်လည်ရောက်ရှိလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဆရာတော်ကြီးများအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာများမှ ကြိုဆိုကြည်ညိုခဲ့ကြသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာအခမ်းအနားသို့ ကြွရောက်တော်မူသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ဆရာတော် (၁၁) ပါးကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်များအား လေဆိပ်နားနေဆောင်တွင် ဆန်၊ ဆီနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)