ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲတက်ရောက်

ပုဗ္ဗသီရိ ဩဂုတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ယမန်နေ့ညနေ့ပိုင်းက  ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဘုရား လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား နေပြည်တော်တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ခဲ့သည်။

ထို့နောက် ဓမ္မစကြာဝတ်ရွက်အသင်းများမှ ဓမ္မစကြာတရားတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

လှိုင်မြင့်(ပုဗ္ဗသီရိ)