သာစည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စုရှိ အကျဉ်းဦးစီးဌာန ဘုရားငါးဆူ ကုန်ထုတ်စခန်းမှ အကျဉ်းသားလုပ်အားရှင် ၂၃ ဦး ဩဂုတ် ၁ ရက် (ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်) နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်က ဆုံးမဩဝါဒစကားပြောကြားပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန်အမှတ် ၅၁/၂၀၂၃ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ ၂၃ ဦးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဆုံးမဩဝါဒစကား ပြောကြားပြီး တာဝန်ရှိသူ များက အကျဉ်းသားလွတ်လက်မှတ်၊ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုလက်မှတ်၊ ခရီးစရိတ်၊ စားစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များ ပေးအပ်ခဲ့ရာ လွတ်ငြိမ်းခွင့်ရရှိသူများက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသား လွှတ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားငါးဆူကုန်ထုတ်စခန်းမှ ဦးစီးအရာရှိ ဦးနေလင်းထွန်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်