လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

လားရှိုး ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြည်ထောင်စုအားကစားကွင်းခန်းမတွင် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၄ ရက်နေ့တွင် စတင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ပထမဆုအဖြစ် သိန်း(၂၀)ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်(လားရှိုး)