ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား (၅၆) ဦး ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ရရှိ
Aug 02,2023
ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ဝါဆိုလပြည့် အဘိဓ္မာအခါတော်နေ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ထိန်လင်း၊ အမှတ် (၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မင်းဇော်ဦး၊ နေပြည်တော်အချုပ်ထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ နေပြည်တော်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (စုံစမ်းရေး) ဦးခင်သန်း၊ မြို့နယ်မီးသတ်ဒုတိယဦးစီးမှူး ဦးအောင်သူနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။