မောက်မယ်မြို့နယ်စေတီဖြူ−ရွာသစ်−နောင်ခမ်းကျေးရွာခြင်းဆက်ကျောက်ချောလမ်းမှကတ္တရာလမ်း ခင်းခြင်းစတင်ဆောင်ရွက်

မောက်မယ် သြဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ စေတီဖြူ−ရွာသစ်−နောင်ခမ်းကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းခင်းခြင်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

စေတီဖြူ− ရွာသစ်−နောင်ခမ်းကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်း(061 km× 3.66m× 375mm) ခင်းခြင်းလုပ်ငန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေကျပ်(၁၀၄.၇၃)သန်းဖြင့် Nation Glory.;Ltd ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ္တရာလမ်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုကတ္တရာလမ်းသည် ဒေသခံကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ပိုမိုအဆင်ပြေလာစေနိုင်ပြီး ထိုလမ်းအားပြီးစီးသွားပါက ကျေးရွာများမှ ထိန်းသိမ်းစောင့်ရှောက်သွားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စဉ့်ဝင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဘောဂမှ ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)