မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၉) ဦး ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ရရှိ

မိုင်းဆတ် ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၉) ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ဖြင့် ယမန်နေ့ နေ့လယ် (၂:၂၀)အချိန်က လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ဒုရဲတပ်ဖွဲ့မှူး၊ ‌ဒုတိယရဲမှူးကြီး ဦးနိုင်လင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဦးဌေးမြင့်နှင့် မိုင်းဆတ်အကျဉ်းထောင် ဦးစီးအရာရှိ ဦးလှ၀င်းချိုတို့က ဆုံးမဩဝါဒစကားများပြောကြားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ  ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများအား‌ ခရီးစရိတ်နှင့် စားစရိတ်ငွေ စုစုပေါင်း (၅၇၈၆၅) ကျပ်အားပေးအပ်ခဲ့ပြီး မြို့တွင်းကားဂိတ်သို့ လိုက်လံပို့ဆောင်၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။  

စန်းစန်းမြင့်(မိုင်းဆတ်)