စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

မုံရွာ သြဂုတ်

မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျအမှိုက် စွန့်ပစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်၊ ရေကြောင်းလမ်းသယ်ယူပို့ဆောင်ရေး၊ ရေထုညစ်ညမ်းမှုနှင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုအား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ် ၍ ယမန်နေ့ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံက ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်း များနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုကြီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်နှင့် ထုတ်လုပ်ရောင်းချသူများအသင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း နှင့် အသား၊ ငါး၊ ကြက်ဥမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ပြည်သူများ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားအုံးဆီ၊ ကြက်ဥနှင့် ဟင်းသီး ဟင်းသီးရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် မုံရွာမြို့ပေါ်ရှိဈေးများ၊ ရပ်ကွက်များနှင့် ရုံးများ တွင် အပတ်စဉ်စနေနေ့တိုင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိ သည့်စားသုံးသီးနှံကုန်စိမ်း၊ မွေးမြူရေးခြံထွက်အသားဥနှင့် ကုန်ခြောက်ရောင်းချနေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ပြီး ဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအနေဖြင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ဈေးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စွာဖြင့် ရောင်းချရေး၊ ဈေး ရောင်းဈေးဝယ်လာရောက်ကြသည့်ပြည်သူများ မော်တော်ယာဉ်ရပ်နားစခန်းတွင် စည်းကမ်းတကျ ရပ်နားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)