လယ်ဝေး သြဂုတ် ၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်လှ အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက လူမှုဝန်ထမ်းဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအား အသိပညာပေးရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/သူများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)