မန်တုံမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)တွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့်AVIPသင်တန်း ဖွင့်လှစ်
Aug 12,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အား ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းဖြင့် ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာ များ၏ လူမှုစီးပွားဘဝအခြေအနေကိန်းဂဏန်းအချက်အလက်များကို ကောက်ယူနိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်းနှင့်AVIPသင်တန်းကို မန်တုံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။