သတင်းများ

ချမ်းမြသာစည်မြို့နယ်၊ ပြည့်သူစာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား /သူလူငယ်များ စာပေနှင့်ထိတွေ့ရာမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ သွက်လက်ထက်မြက်သောသူလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ််းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အ.ထ.က(ခွဲ) (၁၃) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (ခွဲ) (၁၃) ကျောင်းရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပရာ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဦးတင်‌‌မောင်ဝင်းနှင့်၀န်ထမ်းများ၊ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချ‌ ပေးလျက်ရှိ
Aug 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (မနော်ဟရီလမ်း)၊ ၆၇×၆၈ လမ်းကြားရှိ မြနန္ဒာစျေး အတွင်း ဩဂုတ်လ ၁၀ ရက်နေ့၊နံနက် ၇ နာရီတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 12,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာ ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော် အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း(ရက်ကန်းဒီဇိုင်း) ဖွင့်ပွဲကျင်းပ
Aug 12,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဉီးစီးဌာနက ကြီးမှူးကျင်းပသော ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကြိုးကြာကျေးရွာ နှစ်ချင်းဘုရားရှိခိုးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ
Aug 12,2023
ကုန်သည်စက်မှုအသင်းချုပ်စွမ်းအင်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်၊ အတွင်းရေးမှူး ဦးသန်းထိုက်လွင်၊ ကော်မတီအဖွဲ့ဝင်များနှင့် စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်
Aug 12,2023
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ Amazing Keng Tong Resort ၌ ကျင်းပသည်။
သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်
Aug 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။