စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၃) အခမ်းအနားကျင်းပ

မုံရွာ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၃) အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး DICA အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး တ

ယနေ့ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုကို အဓိကရပ်တန့်စေသည့် အကြောင်းအရာများအနက် တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုပြဿနာများမှ စတင်အခြေတည်ခဲ့တဲ့အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း ထိထိရောက်ရောက် တားဆီးကာကွယ်ရန် လိုအပ်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်/ရောင်းဝယ်/သုံးစွဲမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ အနေဖြင့် မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က လမ်းညွှန်မှာကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်သွားကြဖို့လိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ဦးစားပေးနယ်ပယ် (၅)ရပ်အနက် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး မဟာဗျူဟာ(၂)ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်(ဗဟို)၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသနှင့် ကိုက်ညီစွာရေးဆွဲထားသော မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းစီမံချက်နှင့်အညီ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် တွန်းအားပေးဆောင်ရွက်ပေးကြရန်နှင့် ၂၀၂၃-၂၀၂၄ ဘိန်းစိုက်ပျိုးမှုရှိသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်း‌ရေးနှင့် ဘိန်းစိုက်တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားတဲ့(Action Plan) နှင့်အညီ ဦးစားပေးအကောင်အထည်ဖော်လုပ်ငန်းများ အောင်မြင်တိုးတက်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းစီမံချက်(Action Plan)ပါ လုပ်ငန်းများအပေါ် ၂၀၂၃ ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်များနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အသိပညာပေးရေး၊ ဆေးကုသပေးရေးနှင့် အစားထိုးဖွံဖြိုးရေး စသည့်သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်၍ ဒုတိယ(၆)လပတ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများအား အသီးသီးဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးဥက္ကဋ္ဌက လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)