အမ်း ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်က စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိရေးအတွက် ကျောင်းစာကြည့်တိုက်များ၊ စာဖတ်ခန်းများဖွင့်လှစ်နိုင်ရေး၊ လူကုန်ကူးခံရမှုများမရှိစေရေး အသိပညာပေးဟော ပြောဆွးနွေးခဲ့သည်။ ဆက်လက်၍ ကျောင်းကျန်းမာရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဦးစီးအရာရှိဒေါ်မြင့်မြင့်အေးက မိုးရာသီတွင်အဖြစ်များသော သွေး လွန်တုပ်ကွေးရောဂါ၊ သန်ကောင်ရောဂါ၊ အဟာရဖွံ့ဖြိုးရေးအတွက် စားသုံးသင့်သောအစားအစာများ၊ သန့်သုံးသန့်အကြောင်းအရာများအား ဟောပြောကာ ဇာဒီမော်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ KG တန်းမှ ကလေး သူငယ်များအား အရပ်တိုင်းတာခြင်း၊ ပေါင်ချိန်တိုင်းတာပေးခြင်းနှင့် အလေးချိန်ပေးခြင်းများအား ပြုလုပ်ပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများ၏ မိခင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူကုန်ကူးခံရမှုအသိပညာပေး နံရံကပ်စာစောင်ခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်