မလှိုင်မြို့၌ ဝါတွင်းကာလ ဒုတိယအပတ် သံဃာ့ဒါန ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်များ ဆက်ကပ်လောင်းလှူ
Aug 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်းတွင် ဝါတွင်းကာလ ဒုတိယအပတ်အဖြစ် ကျောင်းတိုက်ပေါင်း (၃၁) တိုက်တိုတွင် ဝါဆိုကြသည့် သံဃာတော် (၃၄၅) ပါးတို့အားဝါတွင်း ကာလဝါဆိုသီတင်းသုံး နေထိုင်စဉ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ သမိုင်းဝင်ရွှေမုဌော စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်တွင် သံဃာ့ဒါန ဆွမ်း၊ ဆွမ်းဟင်းများနှင့် ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။