သတင်းများ

နမ္မတူမြို့နယ် အ.မ.က (၉) ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ
Sep 12,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ
Sep 12,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်း " မြရတနာ " ကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။
အမရပူရမြို့နယ်ရှိ ကျောင်းသူ(၅၀)ဦးအား မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 12,2023
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (မန္တလေး)(MWEA)၏ ပညာ့မိခင် အစီအစဉ်အဖြစ် ပညာသင်ထောက်ပံ့ပစ္စည်းများဖြင့် ကျောင်းသူလေးများအား ကျောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ကျင်းပခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Sep 12,2023
စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူ၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး
Sep 12,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၂ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော ပွဲကျင်းပ
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
မအီမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်
Sep 12,2023
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယမန်နေ့နံနက်ပိုင်း မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရန် ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ ပွေးတောင်(နန္ဒဝန်) တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 12,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁၃ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ ပွေးတောင် (နန္ဒဝန်) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင် အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် အ.ထ.က (ခွဲ)  သုံးတောင်(နန္ဒဝန်) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။