မန်တုံမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)တွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့်AVIPသင်တန်း ဖွင့်လှစ်

မန်တုံ သြဂုတ်(၁၂)

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)အား ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းဖြင့် ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာ များ၏ လူမှုစီးပွားဘဝအခြေအနေ ကိန်းဂဏန်းအချက်အလက်များကို ကောက်ယူနိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်းနှင့် AVIPသင်တန်းကို မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်း၌ မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းအောင်ကျော်လှိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP) ဆိုင်ရာအကြောင်းအရာများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း၍ သင်တန်းတက်ရောက်နေသော သင်တန်းသားများအား သင်တန်းမှသင်ကြားပို့ချပေးသော သင်ခန်းစာများကို အသုံးချ ဆောင်ရွက်နိုင်စေရန် သင်တန်းပို့ချပေးပြီး မြို့နယ်စီမံကိန်းတာဝန်ခံက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်း ၊ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် AVIP ဆိုင်ရာသင်ခန်းစာများကို ကျေးရွာ(၁၀)ရွာအတွက် သင်တန်းသား(၂)ဦးစီခေါ်ယူ၍ သင်ကြားပို့ချပေးခဲ့ကြကြောင်းနှင့် သင်တန်းကို (၈.၈.၂၀၂၃) မှ (၁၂.၈.၂၀၂၃)ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ