ဆီဆိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်အပြင် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။