သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းဆွေးနွေး
Aug 13,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းနှင့် မနောကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်
Aug 13,2023
ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗီမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အဓိကမျှော်တွေး ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
ကံမမြို့နယ်၌ ကိုယ်တိုင် စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ
Aug 13,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက်  ကိုယ်တိုင်စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ဩဂုတ် (၁၃)ရက် နံနက် (၆) နာရီခွဲက  အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ သက်သာသော   ဈေးနှုန်း များဖြင့်  ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အ.ထ.က- ကမမောင်း အခြေခံပညာအထက်တန်းကျောင်း၌ ရေများ ပြန်လည်ကျဆင်းသွားသဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Aug 13,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သံလွင်မြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ အ.ထ.က ကမမောင်း အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
တနိုင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 13,2023
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ်လ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ‌ထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက်  ၀၉း၃၀ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်း​ကျောင်း၊ မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေကြည်မြို့နယ် အသုတ်မြို့(အ.ထ.က)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Aug 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့(အ.ထ.က)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မှောက်ပြောဆိုဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဆည်တမံများအတွင်းရေဝင်ရောက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Aug 13,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်တမံများ အတွင်း ရေဝင်ရောက်မှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။