ရန်ကုန် သြဂုတ် ၁၂
ကုန်သည်စက်မှုအသင်းချုပ်စွမ်းအင်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်၊ အတွင်းရေးမှူး ဦးသန်းထိုက်လွင်၊ ကော်မတီအဖွဲ့ဝင်များနှင့် စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စွမ်းအင်နှင့်စက်မှုထုတ်ကုန်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် ကော်မတီကို ဖွဲ့စည်းထားရှိသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက စွမ်းအင်ဆိုင်ရာ အချက်အလက်များကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်