ရေကြည် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အသုတ်မြို့(အ.ထ.က)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မှောက်ပြောဆိုဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်တင်စန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးစီစီအောင်နှင့်ရေကြည်မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူးဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး မောင်အောင်ကောင်းမြတ်က "လူငယ်နှင့်ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်စည်သူက "လူငယ်နှင့်ယဥ်ကျေးမှု"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဇွဲမာန်အောင်က "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်,ဖြင့်လည်းကောင်း၊ မောင်ညီညီထူးက "လူငယ်နှင့်အားကစား"ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)