တနိုင်း သြဂုတ် ၁၃
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ်လ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး နေဇော်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ Video Clip ပြသခြင်း၊ ခရိုင်အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးအောင်သင်းထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှု အမျိုးအစားများ၊ အဂတိလိုက် စားမှုကြောင့် ဖြစ်ပေါ်သည့်နစ်နာမှုများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သောအန္တရာယ်များ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုနောက် ခရိုင်အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဌေးဦးမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း ၏ အရေးပါပုံ၊ အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေး ဆိုင်ရာများ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ပန်းအိ(တနိုင်း)