ရွှေဘိုမြို့တွင်စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ
Aug 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှကြီးမှူး ကျင်းပသောစားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန် ရွှေဘိုမြို့ အမှတ်(၁)စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။