မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မင်္ဂလာတောင်ညွန့်  ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ‌ထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့နံနက်  ၀၉း၃၀ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်း​ကျောင်း၊ မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလ ငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပ ရခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် .ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် မြင့်မြင့်စိုးက​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့ပါသည်။

ထို့နောက် လူငယ်စကားဝိုင်း အစီအစ ဥ်စတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒေါပုံ မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ် ချစ်စုဝေနှင့် အ-ထ-က (၁)ကျောင်းမှ အထက်တန်းပြဆရာမ​​ဒေါ်‌စန်းစန်းထွေးတို့က Moderatorများ အဖြစ်‌ ဆောင်ရွက်ခဲ့ကြပြီး မောင်‌ကောင်းစစ်သန့် မှ လူငယ်နှင့်ယဉ်ကျေးမှု၊ မနီလာလှိုင်မှ လူငယ်နှင့်စာရိတ္တ၊ မသီရိဇော်မှ လူငယ်နှင့် စာပေ၊  မောင်ဝေယံဟိန်းမှ လူငယ်နှင့်ကျန်းမာရေး၊ မောင်ထက်ဝေယံထွန်းမှ လူငယ်နှင့်နည်းပညာနှင့်  မောင်သီဟန်ထွန်းမှ လူငယ်နှင့်အားကစား  အစရှိသည့်​ ခေါင်းစဥ်ပါ အကြောင်းအရာများကို​ ဆွေး​နွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား၊​ကျောင်းသူ စုစု‌‌ပေါင်း (၁၈၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ချစ်သဲ(ပြန်/ဆက်)