အ.ထ.က- ကမမောင်း အခြေခံပညာအထက်တန်းကျောင်း၌ ရေများ ပြန်လည်ကျဆင်းသွားသဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကမမောင်း ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သံလွင်မြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ အ.ထ.က ကမမောင်း အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

မိုးအဆက်မပြတ် ရွာသွန်း၍ သံလွင်မြစ်ရေ တက်ရောက်မှုကြောင့် ကမမောင်းမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင် လူနေအိမ်များ နစ်မြုပ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ အခြေခံပညာကျောင်းများကိုလည်း ခေတ္တပိတ်ထားခဲ့ရသည်။ ယနေ့နံနက်ပိုင်း၌ ရေများ ပြန်လည်ကျဆင်းပြီဖြစ်သောကြောင့် စာသင်ဆောင်အခန်းများအတွင်း ရေဝင်ရောက်ခဲ့ရာ နှုန်းများ တင်ကျန်ခဲ့ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ ကမမောင်းမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ.ထ.က-ကမမောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းကာ စာသင်ခန်းအဆောင်များ သန့်ရှင်းမှု ရှိစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)