ကံမမြို့နယ်၌ ကိုယ်တိုင် စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

ကံမ ဩဂုတ်  ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက်  ကိုယ်တိုင်စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ဩဂုတ် (၁၃)ရက် နံနက် (၆) နာရီခွဲက  အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ သက်သာသော   ဈေးနှုန်း များဖြင့်  ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် အသား/ငါး (၁၀) ဆိုင်၊ ဟင်းသီးဟင်းရွက်(၉)ဆိုင်၊ ကုန်စိမ်း(၂) ဆိုင်တို့မှ အမဲသား(၁) ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ကြက်သား (၁)ပိဿာ(၁၂ဝဝဝ) ကျပ်၊ ကြက်ဥ (၁)လုံး ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး ၂၉၀ ကျပ်၊ ငါးကြင်း(သေး) (၁) ပိသာလျှင် (၇၀၀ဝ)ကျပ်၊ ငါးကြင်း(ကြီး)(၁) ပိဿာလျှင်(၁၂၀၀၀) ကျပ်နှုန်းတို့ ဖြင့် ဈေးနှုန်းချိုသာစွာ အသီးသီးရောင်းချပေးခဲ့ကြပြီး အဆိုပါဖွင့်လှစ်ရောင်းချရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးအဆိုပါ ယနေ့ဖွင့်လှစ်ရောင်းချပေးသည့်တန်းဖိုးသင့်  တိုက်ရိုက်အရောင်းဆိုင်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)