သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Aug 15,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
မူဆယ်မြို့ အ.ထ.က (၃) ကျောင်းတွင် “ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ” အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်က အ.ထ.က (၃) ကျောင်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုးချဲ့ ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 15,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့ညနေပိုင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုးချဲ့ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Aug 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒီမာခန်းမ၌ ကျင်းပသည်။
အလုံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Aug 15,2023
လူငယ်များ အသိပညာ ဗဟုသုတများနှင့် ပြည့်စုံပြီး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊  အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီ က အလုံမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊  အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး မြို့နယ်အဆင့်အထိမ်းအမှတ် ကျင်းပ
Aug 15,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၃ ရက် ညနေက မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်ရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Aug 15,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။