ပေါင်မြို့နယ်၌ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျောင်းကျန်းမာရေး အဆင့်မြင့် ကျောင်းဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်

ပေါင်       ဩဂုတ်        ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု  ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ( အထက )ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က ယခုလို ပညာရေးနှင့် ကျန်းမာရေးပူးပေါင်းပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများကို လုပ်ဆောင်နေတာတွေ့ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း ကျောင်းသား၊ ကျောင်းသူများအတွက် အေးချမ်းစွာပညာ သင်ယူနိုင်သည်မှာ ကျန်းမာရေးကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်ကျောင်းကျန်းမာရေး တာဝန်ခံဒေါက်တာ အိုင်းပရောနွန်က မြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်း ၊မူလတန်း ကျောင်းများအား တစ်ကိုယ်ရည် ကျန်းမာရေးဖြစ်သည့်ခြေသည်း၊ လက်သည်းများကိုညှပ်‌ခြင်း၊ သံချဆေးများကို အချိန်နှင့် တိုက်ကျွေးခြင်းအပြင် ကိုဗစ်ကာကွယ်ဆေးကိုလည်း သတ်မှတ်ကာလအတွင်း ဆေးထိုးနှံပေးခြင်း များကို ဆောင်ရွက်ပေး‌နေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှုး ဦးထွန်းကြိုင်ကကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေး နှင့်ပတ်သက်သည့် တေးသရုပ်‌ဖော်ပြကွက်များယှဉ်ပြိုင်ကာ  ဆုရရှိသည့် ကျောင်းများအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)