မဟာအောင်မြေ ဩဂုတ် ၁၈
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနနှင့် အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ကျောင်းသားဟောင်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ယနေ့နံနက်ပိုင်းကအမှတ်(၂၄)အ.ထ.ကကျောင်း ကျောင်းစုဝေးသဘင် သန့်ရှင်းသာယာလှပစေရန်၊ ကျောင်းသား/သူများ စာရိတ္တနှင့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင် ဟောပြောသွန်သင်ဆုံးမနိုင်စေရန် ကျောင်းစုဝေးသဘင်စနစ်တကျညီညာဖြန့်ဖြူးစေရန်ရည်ရွယ်ချက်ဖြင့် စက်ရုံနှင့်မော်တော်ယာဉ်ဌာနတို့မှလိုအပ်သော စက်ယန္တရား Grater စက်များဖြင့် မြေညှိခြင်း၊ ရေနစ်မြှပ်နေသောအမှိုက်များအား ရှင်းလင်းဆောင်ရွက်ခြင်းများကို အမှတ်(၂၄) အ.ထ.ကကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းနှင့် ဆရာ၊ ဆရာမက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း