မဘိမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မဘိမ်း     ဩဂုတ်      ၁၈                                

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအရေးပါပုံ၊ လူငယ်နှင့်အကျင့်စာရိတ္တ၊   လူငယ်နှင့်နေထိုင်မှုပတ်ဝန်းကျင်အရေးပါပုံ၊ လူငယ်နှင့်ကျန်းမာရေးအရေးပါပုံ၊ လူငယ်နှင့်စာပေလေ့ လာမှုအကြောင်းနှင့် မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးစသည့် အကြောင်း အရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

ထို့နောက် လူငယ်ရေးရာအသိပညာပေးပြပွဲတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသ ထားရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)