စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စဉ့်ကူး ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၁)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက သတိပြုလိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဘေးအန္တရာယ် အပါအဝင် အခြားသဘာဝဘေး အန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ် ဖုန်းနံပါတ်များ၊ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍သိသင့်သည့် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာဆရာ/မများနှင့် ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)