မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများလူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးက်ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး  ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လမ်းတံတားများ ပြုပြင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၏ (၇.၃၄) ကီလိုမီတာမှ(၇.၅၄) ကီလိုမီတာအကြား အရှည်(၀.၂)ကီလိုမီတာအား မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၄၈.၃၀၀)ကျပ်သန်း အကုန်အကျခံကာ ကျောက်ထု(၂)ပေဖြင့် မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေအထိ ကတ္တရာတိုးချဲ့ခင်းပေးခြင်း၊ လမ်း၏(၇.၇၄)ကီလိုမီတာမှ (၇.၉၄)ကီလိုမီတာအကြား အရှည် (၀.၁၅)ကီလိုမီတာ၊ အကျယ်(၁၈)ပေအား ခွင့်ပြုရန်ပုံငွေ (၁၉.၈၀၀)ဖြင့် ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်း၊ လမ်း၏(၉.၂)ကီလိုမီတာမှ (၉.၈)ကီလိုမီတာအကြား အရှည်(၀.၄)ကီလိုမီတာအတွင်းရှိ ကတ္တရာလမ်း အပေါက် များအား ပြန်လည်ဖာထေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား ပြန်လည်ပြုပြင်ပေးခြင်းကြောင့် အဆိုပါ လမ်း၏ဘေးဝဲယာရှိ ဒေသခံကျေးရွာပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လမ်းအသုံးပြုသူများ၏လူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့်ကုန်ကျမှု စရိတ်များ သက်သာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက် လာမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)