ဘုတ်ပြင်းမြို့၌ စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

ဘုတ်ပြင်း    ဩဂုတ်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း (၃/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက သင်တန်းဆင်းစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စက်လှေ မောင်းနှင်ရာတွင် ရေယာဉ်ပဲ့ထိန်းမှုစနစ်သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေများကို စနစ်တကျမောင်းနှင် တတ်စေရန်၊ သင်တန်းမှရရှိသည့် လက်တွေ့ရေယာဉ်မောင်းနှင်ခြင်း၊ စက်လှေတစ်စီးရဲ့ အခြေခံဖြစ်သော အင်ဂျင်အလုပ်လုပ်ပုံ၊အင်ဂျင်အမျိုးအစားနဲ့အဓိကအစိအပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ် အလုပ်လုပ်ပုံ၊မိးငြိမ်းသတ်ရေးအတွက် ရေစုပ်၊ ရေပက်ခြင်း၊ စတဲ့ စက်လှေနဲ့ သက်ဆိုင်သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသားများအနေဖြင့် ရေယာဉ်မောင်းနှင်မှု သဘောတရာများကို သိရှိနားလည်ပြီးဖြစ်၍ ပြည်သူလူထု၏ ယုံကြည်အားကိုးရသော တပ်ဖွဲ့ဝင်ကောင်းများ ပေါ်ထွက်လာစေရန်စသည့်များကို ပြောကြားခဲ့သည်။

ယင်းနောက်  အခမ်းအနားတက်ရောက်လာကြသည့် ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  ဗိုလ်လှဖေ ဆိပ်ခံတံတားရှေ့ ရေပြင်တွင် သင်တန်းသားများက ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေး လုပ်ငန်းများ လက်တွေ့သရုပ်ပြသနေမှုကို  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)