တံတားဦး ဩဂုတ် ၁၈
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေရုံး၊ ဒုတိယဥပဒေအရာရှိ ဦးမျိုးဇော်သန့်က ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား ပပျောက်ရေး အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမား လျော့နည်းပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူများက ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အပြန်အလှန် မေးခွန်းများဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် မိမိတို့လေ့လာ မှတ်သားသည့် ပုံပြင်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များချီးမြှင့်ပေးကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)