ချောင်းဆုံ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဩဂုတ်လ ၁၇ ရက်နေ့က မုရစ်ကလေး (အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ထူးချန်ထက်မြက်ပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သည့်သူများဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာ နှင့် (အား/ ကာ) ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးတို့က ဦးဆောင်ဆွေးနွေးကာ Grade-11 ကျောင်းသား /သူ များမှ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)