သတင်းများ

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်အသိပညာပေး ဟောပြော ပွဲဆောင်ရွက်
Aug 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်သည်။
ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ကွင်းဆင်းထောက်ပံ့
Aug 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား အိမ်တိုင်ရာ ရောက်ကွင်းဆင်းထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
လောက်ကိုင်မြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ နယ်လှည့် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြုလုပ်ဆောင်ရွက်
Aug 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ခန်းမဆောင်၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ နံပါတ်(၁) ကန်တုံသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကြီးကို ကျင်းပမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်
Aug 23,2023
၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Guangdong ပြည်နယ်၊ Canton Fair Complex တွင် (၁၃၄)ကြိမ်မြောက် ကန်တုံသွင်း ကုန်ပို့ကုန်ကုန်စည်ပြပွဲကြီး   (China Import and Export Fair) ကို ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့ ဩဂုတ်လ (၂၂)ရက်နေ့တွင် ကန်တုံကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနား (Promotion Conference of the 134th Canton Fair) ကို ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကင်းလွတ်ရာသို့ ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား ဆန်နှင့်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဩဂုတ်  ၁၉ ရက်မှ  ၂၂ ရက်နေ့ထိ ဧရာဝတီမြစ် ရေမြင့်တက်လာ၍ မြစ်ကမ်းနားတစ်လျောက် မြစ်ရေများဝင်ရောက်လာသဖြင့် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် မြဝတီကျေးရွာအုပ်စုများရှိ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး     အဆိုပါနေရာများသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ      ဝန်ထမ်းများ၊   မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီး
(Empower My Ayeyarwady) အားဖြည့်ကူညီ ဧရာဝတီ ပရဟိတအဖွဲ့မှ အမှတ်(၂၄၇) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မူလွန်( ရွှေဖား) ကျောင်းသို့သောက်ရေထည့်စတီးရေစည် လာရောက်လှူဒါန်း
Aug 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အမှတ်(၂၄၇)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မူလွန်( ရွှေဖား)  ကျောင်းသို့ ယမန်နေ့  နေ့လည် (၂) နာရီက (Empower My Ayeyarwady) အားဖြည့်ကူညီဧရာဝတီ အဖွဲ့သားများမှသောက်ရေထည့် စတီးရေစည်(၁)ခုလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်
Aug 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သဖန်းကုန်းကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာရှိ တိရစ္ဆာန်များအား ယနေ့မွန်းလွဲ ၁ နာရီတွင် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဒေးဒရဲမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Aug 23,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် ဩဂုတ်လ ၂၁ ရက်နေ့ ညနေ (၄)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။