(Empower My Ayeyarwady) အားဖြည့်ကူညီ ဧရာဝတီ ပရဟိတအဖွဲ့မှ အမှတ်(၂၄၇) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မူလွန်( ရွှေဖား) ကျောင်းသို့သောက်ရေထည့်စတီးရေစည် လာရောက်လှူဒါန်း

ငွေဆောင်    သြဂုတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အမှတ်(၂၄၇)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မူလွန်( ရွှေဖား)  ကျောင်းသို့ ယမန်နေ့  နေ့လည် (၂) နာရီက (Empower My Ayeyarwady) အားဖြည့်ကူညီဧရာဝတီ အဖွဲ့သားများမှသောက်ရေထည့် စတီးရေစည်(၁)ခုလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင်  (Empower My Ayeyarwady) အားဖြည့် ကူညီဧရာဝတီ ပရဟိတ အဖွဲ့၏ မတည်ငွေ( ၅၀၀၀၀၀) ကျပ်နှင့် အမှတ်( ၂၄၇ )၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ မူလွန်( ရွှေဖား) ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိမှ ( ၁၅၀၀၀၀) ကျပ် ထည့်ဝင်ကာ ကျောင်းသား  /သူလေးများ သောက်ရေအခက်အခဲမဖြစ်ပေါ်စေရန် ရည်ရွယ်၍ငွေကျပ် (၆၅၀၀၀၀)တန်ဖိုးရှိ (၅၀၀) လီတာဆန့်သောက်ရေထည့် စတီးရေစည်အား စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်  (Empower  My Ayeyarwady) အားဖြည့်ကူညီဧရာဝတီပရဟိတအဖွဲ့သားများမှ ကျောင်းသား / သူတစ်ဦးချင်းစီအား စားသောက်ဖွယ်ရာမုန့်မျိုးစုံများ ပေးဝေလှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ဆရာ၊ဆရာမ များကိုယ်စားကျောင်း အုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိမှ ကျေးဇူးတင်စကား ပြောကြားကာလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)