သတင်းများ

ဘားအံမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးလှုပ်ရှားမှု ဆောင်ရွက်
Aug 23,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများ၊ မွေးမြူရေးဇုန်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ
Aug 23,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကြသည်။
ဗျတ္တပန်းဆက်လမ်းတစ်လျှောက် တောင်းရမ်းမှုပပျောက်ရေး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့ တာဝန်ရှိသူများကွင်းဆင်း ပညာပေး
Aug 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဗျတ္တပန်းဆက်လမ်းတစ်လျှောက် ကားလမ်းဘေးကျေးရွာတစ်ချို့မှ ခရီးသွားကားများထံမှတောင်းရမ်းမှုပပျောက်ရေး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဗျတ္တပန်းဆက်လမ်း တစ်လျှောက်ပြုလုပ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 23,2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ
မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင် စနစ် (မြေအောက်ရေ) အသုံးပြု၍ စိုက်ပျိုး‌ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်နိုင်ငံ့ စီးပွားမြှင့် တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ) အသုံးပြု၍မိုး စပါးစိုက်ပျိုးခြင်း၊ ဝါသီး နှံစိုက်ပျိုးခြင်းများကိုမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့်အဖွဲ့ဝင်များက
ပခုက္ကူမြို့၌ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန (CICC)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် လူကုန်ကူးမှု၊ ကလေးသူငယ်အခွင့်အရေးများ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျင်းပခဲ့သည်။
ဘားအံမြို့တွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Aug 23,2023
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များအတွင်း စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာငှားဝန်ဆောင်မှုများကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများတွင် နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်ပေါင်း (၁၈၀)အုပ် သွားရောက်ငှားရမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။