ငွေတောင်စံပြကျေးရွာတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်းအခမဲ့ဖွင့်လှစ်
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့နံနက်(၁၀) နာရီအချိန်က ငွေတောင်စံပြကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။