ကံမ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်နေ့ထိ ဧရာဝတီမြစ် ရေမြင့်တက်လာ၍ မြစ်ကမ်းနားတစ်လျောက် မြစ်ရေများဝင်ရောက်လာသဖြင့် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် မြဝတီကျေးရွာအုပ်စုများရှိ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး
ဌာနမှ ဦးစီးမှူးနှင့် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၂) နာရီက နိုင်ငံတော်မှ ဆန်ဖိုးထောက်ပံ့ငွေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် ဆန်နှင့် ရိက္ခာပစ္စည်းများအား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အမှတ်(၁)ရပ်ကွက် ရေဘေးရှောင် အိမ်ထောင်စု (၁၆ )စု၊ ကျား(၃၈) ဦး၊ မ (၃၇) ဦး ၊ စုစုပေါင်း (၇၅)ဦး၊ အမှတ် (၂) ရပ်ကွက်ရှိ အိမ်ထောင်စု ( ၃၁ ) စု၊ ကျား(၅၇ ) ဦး၊ မ (၅၇) ဦး ၊စုစုပေါင်း (၁၁၄) ဦးနှင့် မြဝတီကျေးရွာအုပ်စု၊ မြဝတီကျေးရွာတွင် ရေဘေးရှောင်အိမ်ထောင်စု ( ၁၂ ) စု၊ ကျား(၂၁)ဦး၊ မ (၂၇) ဦး၊
စုစုပေါင်း(၄၈) ဦးတို့အား နိုင်ငံတော်မှထောက်ပံ့သည့် ငွေ (၄၉၇၇၀ဝ)ကျပ်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဆန် (၁၀) အိတ် တန်ဖိုး ( ၇၃၁၆၀ဝ)ကျပ် ၊ ခေါက်ဆွဲခြောက် (၂၉၅) ထုပ် တန်ဖိုး (၁၃၂၇၅ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၃၆၂၀၅ဝ) တို့အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)