သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့်အ၀ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်
Aug 22,2023
ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့်အဝ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျောက်မီး သွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ တက်ရောက်ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
မိုးနဲမြို့နယ်တွင် မိုးစပါးလျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိ
Aug 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးလျာထား ချက်ပြည့်မီရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၁ ရက်နေ့နံနက်ပိုင်းက နားလင်းကျေးရွာရှိ တောင်သူ ဦးစိုင်းပီး၏ လယ်မြေသုံးဧကနေရာ၌ မိုးစပါးပန်းတိုင်ရရှိရေးစံပြကွက် စိုက်ပျိုးနေမှုအားကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 22,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၆)ကျောင်းအား ယာယီပိတ်ထားရ
Aug 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၆) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဩဂုတ် ၁၈ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာ ထုတ်ပေး
Aug 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ယမန်နေ့က ပင်စင်လစာများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့ ပညာ့ဂုဏ်ရည်ကိုယ်ပိုင် အထက်တန်းကျောင်း၌လူငယ်စကားဝိုင်းကျင်းပ
Aug 21,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့၊ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
သံတွဲမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Aug 21,2023
သံတွဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အလယ်တန်း၊ အထက်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သံတွဲမြို့မအားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ မိုးစပါးနှင့် ဝါစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး
Aug 21,2023
မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု ရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ရေဝေကျေးရွာ မြာရဝေစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသော မိုးစပါးစိုက်ခင်းများနှင့် မြို့နယ်သမဝါယမအသင်းစုရန်ပုံငွေဖြင့် လှည်ပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမသင်းမှ အသင်းသား တောင်သူများစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများနှင့် Pilot Project ဖြင့် ဆောင်ရွက်နေသည့် ဝါစိုက်ခင်းများကို မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။