ဆီဆိုင် ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်သည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်(မိခင်ကလေးကျောင်းကျန်းမာရေးအာဟာရ)က ကျောင်းသား လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကြောင့်လမ်းမှားသို့မရောက်ရှိစေရန် မူးယစ်ဆေးဝါး၏ ဆိုးကျိုး များကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သံချဆေးတိုက်ကျွေး ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)