သတင်းများ

ရ‌သေ့တောင်မြို့၌ အသက် (၆)လမှ (၅)နှစ်အရွယ် ကလေးများအား ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးပေး
Aug 21,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် အသက်(၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မအ.မ.က(၂)ကျောင်းတွင်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ကြသည်။
မာန်အောင်မြို့တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး
Aug 21,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှ ညနေ(၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)တွင် ကျန်းမာရေးဌာန တာဝန်ကျဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Aug 21,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Aug 21,2023
ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိ အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 21,2023
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းရှိအသက်(၅) နှစ်နှင့်(၁၂)ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်အ.လ.က(ခွဲ) မီးတိုက်ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Aug 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အ.ထ.က(ခွဲ) ဂျီဖြူတောင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား(Parent Teacher Conference)ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Aug 21,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်တောမြို့ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော
Aug 21,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။