သတင်းများ

မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် လစ်လပ်သွားသော အမှုဆောင်အစားထိုးရွေးချယ်ပွဲကျင်းပ
Aug 21,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် လစ်လပ်သွားသော အမှုဆောင်နေရာ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းစု အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 21,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ဩဂုတ်လ ၂၀ ရက်နေ့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Aug 21,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် လျှပ်စစ် ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဖွံဖြိုးစေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Aug 21,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးစေရန်အတွက်  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအား  တွေ့ဆုံဆွေးနွေးပွဲကို ပုလဲရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝေါလေမြိုင်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Aug 21,2023
 ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre)ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေး မြောက်ဦးမြို့ မောင်ရွှီကန်ကျေးရွာတွင် အခြေခံမော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Aug 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (ပထမအကြိမ်) သင်တန်းကို ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူနေအိမ်တစ်လုံးချောင်းရေနှင့်အတူ မျောပါပျက်စီး
Aug 21,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ချောင်းဘေးရှိလူနေအိမ်တစ်လုံးမျောပါပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မြေပုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အထက (မြေပုံ) ကျောင်းရှိ ဦးစိန္တာခန်းမ၌ ပြုလုပ်သည်။